Wednesday, December 1, 2010

ဒါရိုက်တာ နှစ်ဦး နှင့် သရုပ်ဆောင်၊အဆိုတော်များ မီဒီယာ တွင် ဖော်ပြ ခွင့် ပိတ်ပင်

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာ မောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အမျိုးသမီး ခေါင်းဆောင် မဖြူဖြူသင်း ထူထောင် ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာ ဂေဟာသို့ သွားရောက် လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ် အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။ ဦးကျော်သူ နှင့်အတူ စာပေ ဂီတ ရုပ်ရှင် အနုပညာ မောင်နှမများက လူသားချင်းစာနာ ကူညီထောက်ထားသော စိတ်ဓာတ်တို့ဖြင့် အဆိုတော် အနဂ္ဂ မှ သူ၏အဝတ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီး တို့မှ ငွေသားများ၊ ဦးကျော်သူမှ T-Shirt များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော် တဆူတို့ကို
လှူဒါန်းခဲ့ပြီးနောက် ခုနစ်ရက် သားသမီးများ စုပေါင်း လှူဒါန်းသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့်
ကျွေးမွေးပြီး အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။ 

အနုပညာ  မောင်နှမများရဲ့ လူသားချင်း စာနာမှု အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့နဲ့ စာပေစိစစ်ရေး အဖွဲ့က ယခုလို့ တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ် ။ ဒါရိုက်တာ မောင်မျိုးမင်းကို အခုလို ပိတ်ပင်ခံရခြင်းနှင့်ပါတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှင့်နီးစပ်သူကို မေးမြန်းကြည့်ရာမှာ —– နိုဝင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ မောင်မျိုးမင်း ဦးဆောင်ပြီး အစိုးရပိုင်းကို တိုက်ခိုက်တဲ့ ပြက်လုံးတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ထာဝရ နှင်းဆီအငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့တယ်ဗျာ၊ အခြားအငြိမ့်များလိုမဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ခဲ့တာပေါ့၊ အခု ဒီ ထာဝရနှင်းဆီ အဖွဲ့သားတွေရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံး ကပြခဲ့တဲ့ အစိုးရကို ပြက်လုံးတွေကြောင့် အတော်လေးကို အောင်မြင်တဲ့ အငြိမ့်ပေါ့ဗျာ။ 

ဒီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ပရိသတ်ကော ကျွန်တော်ကောပါ ကြိုက်တဲ့ ပြက်လုံးကဗျာ တိရစ္ဆာန်မျိုးစုံ ထားရှိတဲ့နေရာ ဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တယောက်က မေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်.. ဟိုဟာမဟုတ်လား.. ဟိုလေကွာ ….ဒီလေကွာ ဆိုပြီး တစ်ယောက်မှ မဖြေခဲ့ဘူးဗျ …. လူရွှင်တော်တယောက်က ပရိသတ်ကြီး သိမယ်ထင်တယ်ဆိုပြီး ပရိသတ် ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ “နေပြည်တော်” လို့ ဖြေခဲ့ကြတဲ့ ပြက်လုံးကတော့ အကြိုက်ဆုံးပဲဗျာ” လို့ ပြန်လည်ပြောကြားပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူရွှင်တော် ကိုသူရ(ခ)ကိုဇာဂနာထူထောင်ပေးခဲ့တဲ့ သီးလေးသီးအငြိမ့်ဖွဲ့ ပြီးတဲ့နောက်မှာ အခုထာဝရ နှင်းဆီ အဖွဲ့သားတွေက ပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့ အတွက် ပြည်သူတွေရဲ့အားပေးမှုကိုခံရပြီး ဒါရိုက်တာမောင်မျိုးမင်း ကို ထာဝရနှင်းဆီ အငြိမ့်ကြောင့် ပိတ်ပင်ခံရခြင်း ဖြစ်တယ်လို့  Freedom News Group မှ သတင်းရရှိပါတယ်။

Tuesday, November 30, 2010

မဟာမြတ်မုနိကိုယ်တော်ကြီး မျက်လုံးတော်ပွင့်လာ

မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။

Sunday, November 28, 2010

အ​မေ​ရိ​ကန်​လေ​တပ်​​ ​စစ်​မှု​ထမ်း​များ​အား​ Facebook​ ​နှင့်​ Social​ Networking​ ဝက်​ဆိုက်​များ​​ ​သုံး​စွဲ​မှု​​ ​သ​တိ​ပေး

အ​မေ​ရိ​ကန်​လေ​တပ်​က​​ ​စစ်​မှု​ထမ်း​များ​အား​ Facebook​ ​နှင့်​ ​အ​ခြား​သော​ Social​ Networking​ ​ဝက်​ဆိုက်​များ​ကို​ ​ဆင်ဆင်ခြင်ခြင်​ ​သုံး​စွဲ​ရန်​ ​သ​တိ​ပေး​လိုက်​သည်​။ Facebook ​​ တွင်​ ​လေ​တပ်​အ​မှု​ထမ်း​များ​ ​တင်​လိုက်​သော​ Post​ ​များ​သည်​ ​အ​မေ​ရိကန်​ ​စစ်သည်များ​ ​စစ်ပွဲဇုန်​အ​တွင်း​ ​တပ်​စွဲ​နေ​သည့်​ ​နေ​ရာ​များ​ကို​ ​ရန်​သူ​များ​ ​အ​တိ​အ​ကျ​ ​ဖော်​ထုတ်​သိ​ရှိ​နိုင်​မည့်​ ​အ​န္တ​ရာယ်​မျိုး​ ​ရှိ​နိုင်​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​လေ​တပ်​၏​ ​ကြေ​ညာ​ချက်​တွင်​ ​ဖော်​ပြ​ခဲ့​သည်​။ 

အာ​ဖ​ဂန်​ ​န​စ္စ​တန်​နှင့်​ ​အီ​ရတ်​တို့​တွင်​ ​အ​မေ​ရိ​ကန်​ စစ်​သည်​ ​ကိုး​သိန်း​ခွဲ​မျှ​ ​တာ​ဝန်​ထ​မ်း​ဆောင်​နေ​ရာ​ ​ယင်း​တို့​၏​ ​လုံ​ခြုံ​ရေး​သည်​ Facebook​​ ကဲ့​သို့​ ​သ​တင်း​အ​ချက်​အ​လက်​ ​ဝေ​မျှ​သော​ ​ဝန်​ဆောင်​မှု​များ​အ​ပေါ်​တွင်​ ​မူ​တည်နေ​ကြောင်း​ ​လေ​တပ်က​ ​ထောက်ပြ​ခဲ့သည်။ ​​မို​ဘိုင်းဖုန်း​ များ​မှ​ပါ​ ​အ​လွယ်​တ​ကူ​ ​သုံး​စွဲ​နိုင်​သော​ Facebook​​ ကဲ့​သို့​ Social​ Network​ ​များ​ကြောင့်​ ​အ​ချက်​အ​လက်​ ​ပေါက်​ကြား​မှု​များ​ ​ဖြစ်​လာ​မည်​ကို​ ​ပင်​တာ​ဂွန်​ ​စစ်​ဌာ​န​ချုပ်​က​ လည်း​ ​စိုး​ရိမ်​နေ​သည်​။ 

GPS​​ စ​နစ်​များ​ ​ပို​မို​ကျယ်​ပြန့်​လာ​သည်​နှင့်​အ​မျှ​ ​အ​မေ​ရိ​ကန်​တပ်​များ​ ​အ​ခြေ​စိုက်​ရာ​ ​နေ​ရာ​ဒေ​သ​ ​အ​တိ​အ​ကျ​ကို​ Online​​ မှ​တ​ဆင့်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​ခြေ​ရာ​ခံ​မိ​သွား​နိုင်​သော​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​ကြောင်း​ ​စစ်​ဖက်​က​ ​သ​တိ​ပေး​ ထား​သည်​။ Facebook သည်​ ​အ​သုံး​ပြုသူများ၏​ ​တည်နေ​ရာ​ကို​ ​မိတ်ဆွေ​ သူငယ်ချင်း​များ​သာ​ ​သိရှိအောင်​ ​လုပ်​ဆောင်​ပေး​ထား​ သော်​လည်း​ Setting​​ ကို​စိတ်ကြိုက်​ရွေး​ချယ်​ ​ပြင်​ဆင်​ကာ​ ​ပြောင်း​လဲ​နိုင်​သ​ဖြင့်​ ​အ​ချက်​အ​လက်​ ​ပေါက်​ကြား​မှု​များ​ ​ဖြစ်​နိုင်​ကြောင်း​ ​ဝေ​ဖန်​မှု​များ​ ​ယ​ခင်​က​တည်း​က​ ​ထွက်​ပေါ်​ခဲ့​သည်​။


Friday, November 26, 2010

ကိုရီးယား သရုပ်ဆောင်များ ဖြစ်ကြသော ဂျူမုံနှင့် လီဟားနားတို့ ရန်ကုန်မြို့သို့ ရောက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် တောင်ကိုရီးယားနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည့် ကိုရီးယား သရုပ်ဆောင် ဆောင်အီလ်ဂွတ် (ဂျူမုံ)နှင့် လီဟားနားတို့သည် နိုဝင်ဘာလ ၂၅ရက် နေ့ ည ၇နာရီအချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
ကိုရီးယား အနုပညာရှင်အဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် Chatrium ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဒဂုံစင်တာ၌ ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။                               





ယင်းအနုပညာရှင်များသည် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေတွင် ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကာ နိုဝင်ဘာလ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမျှော်ကြမည် ဖြစ်ကြောင်း သိရသည်။