Friday, November 26, 2010

ကိုရီးယား သရုပ်ဆောင်များ ဖြစ်ကြသော ဂျူမုံနှင့် လီဟားနားတို့ ရန်ကုန်မြို့သို့ ရောက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် တောင်ကိုရီးယားနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည့် ကိုရီးယား သရုပ်ဆောင် ဆောင်အီလ်ဂွတ် (ဂျူမုံ)နှင့် လီဟားနားတို့သည် နိုဝင်ဘာလ ၂၅ရက် နေ့ ည ၇နာရီအချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
ကိုရီးယား အနုပညာရှင်အဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် Chatrium ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဒဂုံစင်တာ၌ ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။                               





ယင်းအနုပညာရှင်များသည် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေတွင် ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကာ နိုဝင်ဘာလ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမျှော်ကြမည် ဖြစ်ကြောင်း သိရသည်။

4 comments:

  1. သူ့ဖာသာသူလာ ငါနဲ့ဘာဆိုင်လဲဟ

    ReplyDelete
  2. ငါကပြောပြတာ... ပါဟာ.... နင်ကလဲ... စိတ်ကြီးပဲ... :(

    ReplyDelete
  3. ညီမလေး အားပေးတယ် ဆက်ရေး

    ReplyDelete
  4. ကျေးဇူးပါ မကြီးရေ.... xo .. thx...

    ReplyDelete