Tuesday, November 30, 2010

မဟာမြတ်မုနိကိုယ်တော်ကြီး မျက်လုံးတော်ပွင့်လာ

မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။

Sunday, November 28, 2010

အ​မေ​ရိ​ကန်​လေ​တပ်​​ ​စစ်​မှု​ထမ်း​များ​အား​ Facebook​ ​နှင့်​ Social​ Networking​ ဝက်​ဆိုက်​များ​​ ​သုံး​စွဲ​မှု​​ ​သ​တိ​ပေး

အ​မေ​ရိ​ကန်​လေ​တပ်​က​​ ​စစ်​မှု​ထမ်း​များ​အား​ Facebook​ ​နှင့်​ ​အ​ခြား​သော​ Social​ Networking​ ​ဝက်​ဆိုက်​များ​ကို​ ​ဆင်ဆင်ခြင်ခြင်​ ​သုံး​စွဲ​ရန်​ ​သ​တိ​ပေး​လိုက်​သည်​။ Facebook ​​ တွင်​ ​လေ​တပ်​အ​မှု​ထမ်း​များ​ ​တင်​လိုက်​သော​ Post​ ​များ​သည်​ ​အ​မေ​ရိကန်​ ​စစ်သည်များ​ ​စစ်ပွဲဇုန်​အ​တွင်း​ ​တပ်​စွဲ​နေ​သည့်​ ​နေ​ရာ​များ​ကို​ ​ရန်​သူ​များ​ ​အ​တိ​အ​ကျ​ ​ဖော်​ထုတ်​သိ​ရှိ​နိုင်​မည့်​ ​အ​န္တ​ရာယ်​မျိုး​ ​ရှိ​နိုင်​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​လေ​တပ်​၏​ ​ကြေ​ညာ​ချက်​တွင်​ ​ဖော်​ပြ​ခဲ့​သည်​။ 

အာ​ဖ​ဂန်​ ​န​စ္စ​တန်​နှင့်​ ​အီ​ရတ်​တို့​တွင်​ ​အ​မေ​ရိ​ကန်​ စစ်​သည်​ ​ကိုး​သိန်း​ခွဲ​မျှ​ ​တာ​ဝန်​ထ​မ်း​ဆောင်​နေ​ရာ​ ​ယင်း​တို့​၏​ ​လုံ​ခြုံ​ရေး​သည်​ Facebook​​ ကဲ့​သို့​ ​သ​တင်း​အ​ချက်​အ​လက်​ ​ဝေ​မျှ​သော​ ​ဝန်​ဆောင်​မှု​များ​အ​ပေါ်​တွင်​ ​မူ​တည်နေ​ကြောင်း​ ​လေ​တပ်က​ ​ထောက်ပြ​ခဲ့သည်။ ​​မို​ဘိုင်းဖုန်း​ များ​မှ​ပါ​ ​အ​လွယ်​တ​ကူ​ ​သုံး​စွဲ​နိုင်​သော​ Facebook​​ ကဲ့​သို့​ Social​ Network​ ​များ​ကြောင့်​ ​အ​ချက်​အ​လက်​ ​ပေါက်​ကြား​မှု​များ​ ​ဖြစ်​လာ​မည်​ကို​ ​ပင်​တာ​ဂွန်​ ​စစ်​ဌာ​န​ချုပ်​က​ လည်း​ ​စိုး​ရိမ်​နေ​သည်​။ 

GPS​​ စ​နစ်​များ​ ​ပို​မို​ကျယ်​ပြန့်​လာ​သည်​နှင့်​အ​မျှ​ ​အ​မေ​ရိ​ကန်​တပ်​များ​ ​အ​ခြေ​စိုက်​ရာ​ ​နေ​ရာ​ဒေ​သ​ ​အ​တိ​အ​ကျ​ကို​ Online​​ မှ​တ​ဆင့်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​ခြေ​ရာ​ခံ​မိ​သွား​နိုင်​သော​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​ကြောင်း​ ​စစ်​ဖက်​က​ ​သ​တိ​ပေး​ ထား​သည်​။ Facebook သည်​ ​အ​သုံး​ပြုသူများ၏​ ​တည်နေ​ရာ​ကို​ ​မိတ်ဆွေ​ သူငယ်ချင်း​များ​သာ​ ​သိရှိအောင်​ ​လုပ်​ဆောင်​ပေး​ထား​ သော်​လည်း​ Setting​​ ကို​စိတ်ကြိုက်​ရွေး​ချယ်​ ​ပြင်​ဆင်​ကာ​ ​ပြောင်း​လဲ​နိုင်​သ​ဖြင့်​ ​အ​ချက်​အ​လက်​ ​ပေါက်​ကြား​မှု​များ​ ​ဖြစ်​နိုင်​ကြောင်း​ ​ဝေ​ဖန်​မှု​များ​ ​ယ​ခင်​က​တည်း​က​ ​ထွက်​ပေါ်​ခဲ့​သည်​။


Friday, November 26, 2010

ကိုရီးယား သရုပ်ဆောင်များ ဖြစ်ကြသော ဂျူမုံနှင့် လီဟားနားတို့ ရန်ကုန်မြို့သို့ ရောက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် တောင်ကိုရီးယားနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည့် ကိုရီးယား သရုပ်ဆောင် ဆောင်အီလ်ဂွတ် (ဂျူမုံ)နှင့် လီဟားနားတို့သည် နိုဝင်ဘာလ ၂၅ရက် နေ့ ည ၇နာရီအချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
ကိုရီးယား အနုပညာရှင်အဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် Chatrium ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဒဂုံစင်တာ၌ ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။                               





ယင်းအနုပညာရှင်များသည် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေတွင် ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကာ နိုဝင်ဘာလ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမျှော်ကြမည် ဖြစ်ကြောင်း သိရသည်။